မသေချာမှုတွေ မရေရာမှုတွေ
အဆင်မပြေမှုတွေ လွဲချော်မှုတွေ
အဆီအငေါ်မတည့်တာတွေ
ရတာ မလို လိုတာ မရ
ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကိုပဲ
အမြဲ ဦးစားပေးနေရတဲ့ လောကကြီးမှာ
နှလုံးသား ရဲ့ ဆန္ဒအတိုင်း
လုပ်ချင်တာလေး တခုတော့
ငါ့ကို လုပ်ခွင့်ပြုပါ ချစ်သူ................။
မှင်နီကြက်ခြေခတ်တွေများ ခဲ့တဲ့ နင့်ရဲ့ အတိတ်က
ငါ့ အတွက် စိတ်ပျက်စရာမဟုတ်ပါဘူး
ချစ်သူ
ချစ်တယ် ဆိုတဲ့ အရာ တခုနဲ့တင်
အရာအားလုံးကို ဖျောက်ပစ်နိုင်ပါတယ်
ချစ်သူ......။
နင်ရဲ့ အနာဂါတ်ကို သာ
အလှပဆုံးဖြတ်အောင် ရေးဆွဲဖို့
ငါ့ကို အခွင့်အရေးပေးပါတော့ ချစ်သူ...........။
အရာ အားလုံးကို စွန့်လွှတ်လိုက်ရရင်တောင်
ငါ့ ဘေးမှာ နင်ရှိနေရင်အရာရာ ပြည့်စုံနေပြီလေ ...........♥♥♥
လရောင်စိုးမိုး (None Access Denied)
ကျွန်တော် ရဲ့ ကိုယ်တိုင်ရေးတဲ့ ကဗျာတွေ စာတွေ အားလုံးကို တနေရာထဲ စုစည်းပြီး လုပ်ထားတဲ့ ဘလော့လေးပါ လာရောက်အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်..။
Thursday, December 20, 2012
ထာဝရ
ချစ်သူ.....ငါ့ကို
အများကြီး ချစ်ဖို့ မလိုပါဘူး
နဲနဲ နဲ့ ထာဝရ ချစ်နေရင်တော်ပါပြီ............ ..........။
ချစ်သူ ငါ့ကို
လူတွေ အများကြီး
ချစ်ဖို့ မလိုပါဘူး
နင့်တယောက်ထဲ ချစ်ရင်
ငါ့ အတွက်ပြည့်စုံပါပြီ
ချစ်သူ ငါ့ကို
အကြင်နာတွေ
အများကြီးပေးဖို့ မလိုပါဘူး
ပင်ပန်းနေတဲ့ အချိန်မှာ
တခါလောက်ပြုံးပြရင်
လုံလောက်ပါပြီ
ချစ်သူ ငါ့ကို
အရမ်းဂရုတစိုက်နဲ့
အလေးထားစရာမလိုပါဘူး
ချစ်လားလို့မေးရင်
အလိုက်သင့်နဲ့ ခေါင်းညိမ့်ပေးရင်
မင်း တာဝန်ကျေပါပြီ
ငါ့ နားမှာ နင်သာ ရှိမယ်ဆိုရင်
ငါ့ ဘ၀ ပြည့်စုံနေပါပြီ
အရာအာလုံးကို စွန့်လွှတ်နိုင်ပါတယ် ♫♫♫
အများကြီး ချစ်ဖို့ မလိုပါဘူး
နဲနဲ နဲ့ ထာဝရ ချစ်နေရင်တော်ပါပြီ............
ချစ်သူ ငါ့ကို
လူတွေ အများကြီး
ချစ်ဖို့ မလိုပါဘူး
နင့်တယောက်ထဲ ချစ်ရင်
ငါ့ အတွက်ပြည့်စုံပါပြီ
ချစ်သူ ငါ့ကို
အကြင်နာတွေ
အများကြီးပေးဖို့ မလိုပါဘူး
ပင်ပန်းနေတဲ့ အချိန်မှာ
တခါလောက်ပြုံးပြရင်
လုံလောက်ပါပြီ
ချစ်သူ ငါ့ကို
အရမ်းဂရုတစိုက်နဲ့
အလေးထားစရာမလိုပါဘူး
ချစ်လားလို့မေးရင်
အလိုက်သင့်နဲ့ ခေါင်းညိမ့်ပေးရင်
မင်း တာဝန်ကျေပါပြီ
ငါ့ နားမှာ နင်သာ ရှိမယ်ဆိုရင်
ငါ့ ဘ၀ ပြည့်စုံနေပါပြီ
အရာအာလုံးကို စွန့်လွှတ်နိုင်ပါတယ် ♫♫♫
Wednesday, December 19, 2012
အလွမ်းရဲ့ တနေရာ
ချစ်သူ
မင်းရွေးတဲ့ လမ်းက မှန်တယ်ထင်ရင်
မင်း ငါ့ကို ထားခဲ့ပြီး
ရဲရဲသာရှေ့ဆက်သွားပါ
အကယ်၍များ
မင်းလမ်းပျောက်သွားခဲ့တယ်ဆိုရင်
လာရာ လမ်းအတိုင်း
နောက်ကိုပြန်လျှောက်ခဲ့ပါ
အလွမ်းရဲ့ တနေရာမှာ
ငါမင်းအတွက်အမြဲအသင့်ရှိနေပါတယ်
ချစ်သူ.............။
===========================
ချစ်တဲ့ သူတိုင်းပေါင်းဖတ်နိုင်ပါစေ
မင်းရွေးတဲ့ လမ်းက မှန်တယ်ထင်ရင်
မင်း ငါ့ကို ထားခဲ့ပြီး
ရဲရဲသာရှေ့ဆက်သွားပါ
အကယ်၍များ
မင်းလမ်းပျောက်သွားခဲ့တယ်ဆိုရင်
လာရာ လမ်းအတိုင်း
နောက်ကိုပြန်လျှောက်ခဲ့ပါ
အလွမ်းရဲ့ တနေရာမှာ
ငါမင်းအတွက်အမြဲအသင့်ရှိနေပါတယ်
ချစ်သူ.............။
===========================
ချစ်တဲ့ သူတိုင်းပေါင်းဖတ်နိုင်ပါစေ
ရော့ငါ့ နှလုံးသားကို ယူ
နင်ထင်နေတာလား
ငါက နင့်ကို
အချိန်တန်ရင်
မေ့ပျောက်သွားမယ်
ကြာလာရင်
စိတ်ကုန်သွားမယ်
အချိန် တခုရောက်ရင်
ရင်ခွင်ပြောင်းသွားမှာပါ
ဆိုပြီးတော့ နင်ထင်နေတာလား
အဲလို ဆို နင်မှားပြီ
ငါက နင့်ကို
စက္ကန့်တိုင်း
စက္ကန့်တိုင်း မှာ
အရင်ထက်
ပိုချစ်ချစ်လာတာပါချစ်သူ... ....။
မကုန်ဆုံး နိုင်သေးတဲ့
စက္ကန့် တွေ လိုပဲ
မရေတွက်နိုင်တဲ့
အချစ်တွေလဲ
ငါ ရင်ဘတ်ထဲမှာ
နင့်အတွက်အပြည့်ရှိတယ်ချစ်သူ.......
ရော့ငါ့ နှလုံးသားကို ယူ
နင် အပျင်းပြေကစားဖို့-------------------♥
ငါက နင့်ကို
အချိန်တန်ရင်
မေ့ပျောက်သွားမယ်
ကြာလာရင်
စိတ်ကုန်သွားမယ်
အချိန် တခုရောက်ရင်
ရင်ခွင်ပြောင်းသွားမှာပါ
ဆိုပြီးတော့ နင်ထင်နေတာလား
အဲလို ဆို နင်မှားပြီ
ငါက နင့်ကို
စက္ကန့်တိုင်း
စက္ကန့်တိုင်း မှာ
အရင်ထက်
ပိုချစ်ချစ်လာတာပါချစ်သူ...
မကုန်ဆုံး နိုင်သေးတဲ့
စက္ကန့် တွေ လိုပဲ
မရေတွက်နိုင်တဲ့
အချစ်တွေလဲ
ငါ ရင်ဘတ်ထဲမှာ
နင့်အတွက်အပြည့်ရှိတယ်ချစ်သူ.......
ရော့ငါ့ နှလုံးသားကို ယူ
နင် အပျင်းပြေကစားဖို့-------------------♥
ဘယ်ဟာ အမှန်တရားလဲ
လှပတဲ့ စကားလုံးတွေက
အချစ်မဟုတ်ဘူး
နားထောင်ကောင်းတဲ့
စကားလုံးတွေက
ကတိ သစ္စာမဟုတ်ဘူး
နင် အထပ်ထပ်အခါခါ ပြောနေတဲ့
နောက်ဆုံးအချိန်ထိဆိုတဲ့ စကားက
အမှန်တရား ဖြစ်ချင်မှဖြစ်မယ်
ငါပြောပြောနေတဲ့
နောက်ဆုံးထွက်သက်ထိ
ချစ်နေမယ်ဆိုတဲ့ စကားက
အခုချိန် နင့်အတွက် ပျက်လုံးတခု
ဖြစ်နေမှာသေချာတယ်
»»»သေချာတာတခုကတော့
ဘယ်အရာက အမှန်တရားလဲဆိုကတော့
အချိန် ဆိုတဲံအရာက
အသိအမှတ်ပြုပေးလိမ့်မယ်«««
အချစ်မဟုတ်ဘူး
နားထောင်ကောင်းတဲ့
စကားလုံးတွေက
ကတိ သစ္စာမဟုတ်ဘူး
နင် အထပ်ထပ်အခါခါ ပြောနေတဲ့
နောက်ဆုံးအချိန်ထိဆိုတဲ့ စကားက
အမှန်တရား ဖြစ်ချင်မှဖြစ်မယ်
ငါပြောပြောနေတဲ့
နောက်ဆုံးထွက်သက်ထိ
ချစ်နေမယ်ဆိုတဲ့ စကားက
အခုချိန် နင့်အတွက် ပျက်လုံးတခု
ဖြစ်နေမှာသေချာတယ်
»»»သေချာတာတခုကတော့
ဘယ်အရာက အမှန်တရားလဲဆိုကတော့
အချိန် ဆိုတဲံအရာက
အသိအမှတ်ပြုပေးလိမ့်မယ်«««
နတ်သမီး ထောင်ခြောက်
အလုပ်တခုကို လုပ်မယ်ဆိုရင်
ကိုယ်လုပ်တာ ဘယ်အထိ
ခရီးရောက်နေပြီလဲ
သေချာသိအောင် အရင်လုပ်
ကိုယ်တိုင်တောင်
ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိဖြစ်နေရင်
အဲဒီ ကိစ္စ ဘယ်လိုအောင်မြင်မလဲ ♥♥♥
လောကကြီးမှာ
ကိုယ်တယောက်ပဲ မုဆိုးလို့ ထင်မနေပါနဲ့
တခါတလေ မုဆိုး သားကောင်ဖြစ်တတ်တယ်............ ...။
ဘ၀က မင်းထင်နေတဲ့
လက်ကွက်မှန်တာနဲ့ အဖြေမှန်ထွက်တဲ့
ဂဏန်းပေါင်းစက် တခု မဟုတ်ဘူး..........။
လူတွေ ကလဲ မင်းရေးထားတဲ့
ဇာတ်ညွန်း ထဲက
ဇာတ်ကောင်တွေထက်
ခပ်ညံညံမဟုတ်ဘူးဆိုရင်တော့
နောက်ဆုံးတော့မင်းပဲ ပြန်ခံစားရမှာပဲ~~~~~~~
အရမ်းကောင်းတဲ့ စကားတခွန်းရှိတယ်
နတ်သမီးထောင်ခြောက်ထဲမှာ
နတ်သမီးလေးလဲ
အတူထောင်ခြောက်မိနေတယ်.....။
ကိုယ်လုပ်တာ ဘယ်အထိ
ခရီးရောက်နေပြီလဲ
သေချာသိအောင် အရင်လုပ်
ကိုယ်တိုင်တောင်
ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိဖြစ်နေရင်
အဲဒီ ကိစ္စ ဘယ်လိုအောင်မြင်မလဲ ♥♥♥
လောကကြီးမှာ
ကိုယ်တယောက်ပဲ မုဆိုးလို့ ထင်မနေပါနဲ့
တခါတလေ မုဆိုး သားကောင်ဖြစ်တတ်တယ်............
ဘ၀က မင်းထင်နေတဲ့
လက်ကွက်မှန်တာနဲ့ အဖြေမှန်ထွက်တဲ့
ဂဏန်းပေါင်းစက် တခု မဟုတ်ဘူး..........။
လူတွေ ကလဲ မင်းရေးထားတဲ့
ဇာတ်ညွန်း ထဲက
ဇာတ်ကောင်တွေထက်
ခပ်ညံညံမဟုတ်ဘူးဆိုရင်တော့
နောက်ဆုံးတော့မင်းပဲ ပြန်ခံစားရမှာပဲ~~~~~~~
အရမ်းကောင်းတဲ့ စကားတခွန်းရှိတယ်
နတ်သမီးထောင်ခြောက်ထဲမှာ
နတ်သမီးလေးလဲ
အတူထောင်ခြောက်မိနေတယ်.....။
Subscribe to:
Comments (Atom)
