ခံစားချက်တွေနဲ့သာ ဖန်တီးထားတဲ့
နှလုံးသားစစ်သလင်းမှာ
ငါရဲ့ နူးညံ့မှုတွေ ပြည့်နေတဲ့အချစ်နဲ့
နင့်ရဲ့ခါးသီးတဲ့ အမုန်းတွေ
ရင်ဆိုင် စစ်ခင်းကြမယ်ဆိုရင်
နင့်ရဲ့အမုန်း စစ်သည်တွေရဲ့
မာယာ ဓါးသွားအောက်မှာ
ငါ့ အချစ်တွေ ကို
ကျေနပ်စွာ ကျဆုံးပေးလိုက်မှာပါ.....။
ရက်စက်မှုတွေနဲ့
ဇာတ်လမ်း တပုဒ်ကို
နင်အဆုံးသတ်ပြီး
အလွမ်းတွေကို
နူတ်ဆက်လက်ဆောင်အဖြစ်
နင်ပေးခဲ့ရင် တောင်
ငါလွမ်းတဲ့အလွမ်းတွေကို
နှလုံးသားကစီးတဲ့ ကဗျာတစ်ပုဒ်အဖြစ်
သိမ်းထုတ်ပြီး
ချိုမြိန်တဲ့အလွမ်း လို့
ခေါင်းစဉ်တပ်လိုက်မယ်
ရက်စက်မှုတွေနဲပြည့်နေတဲ့
မင်းလေးကိုမှ
ချစ်မိခဲ့လေတော့ လဲ
မင်းလေး ပေးတဲ့ ရက်စက်မှုတွေကိုပဲ
အလှပဆုံးလက်ဆောင်
တစ်ခုအဖြစ်ပြောင်းပြီး
ဆက်ချစ်နေဦးမှာ
မကုန်နိုင်တဲ့မနက်ဖြန်တွေ
ရှိနေတရွေ့ပေါ့................
ချစ်သူ------------------------
No comments:
Post a Comment