528 ကို 972 ထပ်ပေါင်းပါရစေကွာ............
ခင်မင်တာတွေကို ကြင်နာတာတွေထပ်ပေါင်းချင်လို့ပါ........ရင်းနှီးမှုတွေကို ပေးဆပ်မှုတွေထပ်ပေါင်းချင်လို့ပါ...............။
ရိုးသားမှုတွေကို အေးမြမှုတွေ ထပ်ပေါင်းပေးချင်လို့ပါ..........။
ဖြူစင်တဲ့ သံယောဇဉ်တွေကို
ထာဝစဉ်တည်မြဲတဲ့အချစ်တွေအဖြစ် ပြောင်းလဲချင်လို့ပါ
ချစ်သူ....................။
ရင်ထဲက ခံစားချက်တွေကို
အနားမှာသာရှိရင် ရင်ဘတ်ကြီးဖွင့်ပြချင်ပေမယ့်
ခုတော့ ဝေးနေတော့ စာကြောင်းတွေနဲ့ပဲဖွင့်ပြနေရတာ ရင်မောတယ်ကွာ
ချစ်သူ...................။
စည်းတွေဘောင်တွေ သိက္ခာတွေ ဂုဏ်တွေပကာသနတွေ
ခဏဖယ်ထားပါကွာ.....ကိုယ့်ရင်ထဲကအချစ်တွေကိုသာ
မင်းမြင်အောင်ကြည့်လှည့်ပါ.........ချစ်သူ။
မျှော်လင့်ခြင်းတွေ ကိုတံတားထိုးပြီး
အချစ်တွေ အကြင်နာတွေ အိမ်မက်တွေ
တပွေ့တပိုက် နဲ့
ကိုယ်မင်းဆီ အရောက်လာခဲ့မယ်
ချစ်သူ..............။
နွေးထွေးတဲ့ အပြုံးတစုံနဲ့သာ
စောင့်ကြိုနေပါ ချစ်သူ......
နှလုံးသားချင်းနီးချင်ပြီ......ကွာ............ချစ်သူ
No comments:
Post a Comment