Wednesday, December 19, 2012

အလွမ်းရဲ့ တနေရာ

ချစ်သူ
မင်းရွေးတဲ့ လမ်းက မှန်တယ်ထင်ရင်
မင်း ငါ့ကို ထားခဲ့ပြီး 

ရဲရဲသာရှေ့ဆက်သွားပါ
အကယ်၍များ 

မင်းလမ်းပျောက်သွားခဲ့တယ်ဆိုရင်
လာရာ လမ်းအတိုင်း

နောက်ကိုပြန်လျှောက်ခဲ့ပါ
အလွမ်းရဲ့ တနေရာမှာ
ငါမင်းအတွက်အမြဲအသင့်ရှိနေပါတယ်
ချစ်သူ.............။

===========================
ချစ်တဲ့ သူတိုင်းပေါင်းဖတ်နိုင်ပါစေ

No comments:

Post a Comment