Monday, December 17, 2012

ချစ်သူ
နင်ခလုတ်တိုက်ရင်တောင် 
နင်ကခြေမလေးနာတာပါ 
ငါကရင်ဘတ်ကြီးထဲကနာတာပါ...။
ချစ်သူ ..........
နင် ဖျားနေရင်တောင် 
နင်က ကိုယ်တွေပဲ ပူတာပါ 
ငါက နှလုံးသားထဲမှာ ပူလောင်နေတာပါ...........။
ချစ်သူ .......
နင် သေသွားရင်တောင် 
နင်က အသက်သေသွားတာပါ 
ငါက ဘ၀ တခုလုံး သေသွားတာပါ 
စက္ကန့်တိုင်းမှာ နင့်ကို သတိရစိတ်လေးနဲ့ပေါ့
အဲဒါလေးတော့နင်သိပါ.............။

No comments:

Post a Comment