ခဏလေးမှ တကယ်ခဏလေးပါ…။
ငါ့သွေးကြောတွေ ပြောင်းပြန်စီးသွားသလို…
နားထဲကအသံတွေ
တိတ်ဆိတ်သွားသလို….
ပတ်ဝန်းကျင်က
လှုပ်ရှားမှုတွေရပ်တန့်သွားသလို….
နာရီလက်တံလည်နေတာတွေ
တုံဆိုင်းသွားသလို…
အရာအားလုံး
ကမောက်ကမ ဖြစ်သွားသလို
ခံစားလိုက်ရတယ်…။
အော်…သူမလှမ်းကြည့်လိုက်တာလေ။
ရင်ခုန်သံတွေကတော့
ဝုန်းဒိုင်းကြဲ ဆူညံနေတာပေါ့….။
(နှလုံးသားကိုမညှာမတာ)
စဉ်းစားကြည့်ရင်
ကလေးကလားဆန်ပေမဲ့…။
ငါဖြစ်ပျက်သွားတာက
ဒီထက်အဆမတန် ပိုတယ်ဆိုတော့
မင်း…..ဟားတိုင်ကာ ရယ်လိုက်တော့ချစ်သူ…..။
ငါဆိုတဲ့ကောင်က မင်းကိုအဲလောက်ရူးတာလေ…။
ရူးမှာပေါ့…. အသည်းပေါက်ထွက်မတတ်ချစ်တာကိုး.....။
ဒါပေမယ့် မင်းလို အညှာအတာ မဲ့တဲ့
မိန်းမကို မှ ချစ်မိတာတော့
ငါ့အတွက် ငရဲကျတာပဲ.........................။
ချစ်သူ နင်လဲ တနေ့ ကြုံမှာပါ.............။
လှုပ်ရှားမှုတွေရပ်တန့်သွားသလို….
နာရီလက်တံလည်နေတာတွေ
တုံဆိုင်းသွားသလို…
အရာအားလုံး
ကမောက်ကမ ဖြစ်သွားသလို
ခံစားလိုက်ရတယ်…။
အော်…သူမလှမ်းကြည့်လိုက်တာလေ။
ရင်ခုန်သံတွေကတော့
ဝုန်းဒိုင်းကြဲ ဆူညံနေတာပေါ့….။
(နှလုံးသားကိုမညှာမတာ)
စဉ်းစားကြည့်ရင်
ကလေးကလားဆန်ပေမဲ့…။
ငါဖြစ်ပျက်သွားတာက
ဒီထက်အဆမတန် ပိုတယ်ဆိုတော့
မင်း…..ဟားတိုင်ကာ ရယ်လိုက်တော့ချစ်သူ…..။
ငါဆိုတဲ့ကောင်က မင်းကိုအဲလောက်ရူးတာလေ…။
ရူးမှာပေါ့…. အသည်းပေါက်ထွက်မတတ်ချစ်တာကိုး.....။
ဒါပေမယ့် မင်းလို အညှာအတာ မဲ့တဲ့
မိန်းမကို မှ ချစ်မိတာတော့
ငါ့အတွက် ငရဲကျတာပဲ.........................။
ချစ်သူ နင်လဲ တနေ့ ကြုံမှာပါ.............။
No comments:
Post a Comment