Saturday, December 15, 2012

ငါ့ ချစ်သူရဲ့ ငါ့ထက်အရင်

မြစ်တွေထဲ ကို ရေခဲတောင်က ရေတွေ ပျော်ဝင်နေတယ်.....
ငါ့နှလုံးသားထဲ ကို မင်းကိုချစ်တဲ့ စိတ်တွေ စိမ့်ဝင်နေ တယ်......
ကမ္ဘာကြီး ပူနွေး လာမှုကြောင့်
မြစ်တွေ မှာ ရေတွေ လျှံလာတယ်။
မင်းရဲ့ လှပမှုတွေ ကြောင့်ငါနှလုံးသား ထဲမှာ
 အချစ်တွေ လှိုင်းထန် လာတယ်.......
ချစ်သူ............။

မြစ်ရေလျှံ တာကို ကာကွယ်ဖို့ သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းမှု တွေလုပ်ပေမယ့်
ငါ့နှလုံးသားထဲကိုတော့
မင်းရဲ့ အချစ်တွေ များပြား လာလို့ မကဖုံးလွှမ်းသွားပါစေ.......
ငါကျေနပ်တယ်...
ချစ်သူ.............။

ငါနှလုံးသားထဲ မှာအပူတွေဘယ်လောက်များပါစေ.......
မင်းသာတချက်ပြုံးလိုက်ရင်.......
.နှလုံးသားကိုရေခဲ ရေနဲ့ဖြန်းလိုက်သလို.....
.အေးမြသွားမှာပါ...
ချစ်သူ.............။

ချစ်သူ..........
ငါအချစ်ကဖယောင်းတိုင်မီးလို
ဖြစ်နေတယ်လိုသလောက်ညှိမလျှော့ဘူး တဲ့.......။
အင်း.....ဒါဆိုညိမ်းလိုက် ရင်ကော
ညှော်နံလေးတော့ ကျန်ခဲ့အုံးမှာပါ...........ကွာတဲ့။
အော်......ငါအဖြစ်ကလည်း
မညှိခင်ကတည်းကအညိမ်းခံလိုက်ရတာပါ.......ကွာ။
ငါ့ဘ၀ကညှော်နံ လေးပဲရခဲ့ တာပါ........ချစ်သူရယ်။

မင်း မှာငါ့ထက်အရင်ချစ်နေတယ်သူ.....ရှိုတယ်တဲ့လေ။

No comments:

Post a Comment