ချစ်သူရေ............။
ဒီဘ၀မှာ မဆုံဆည်းနိုင်ခဲ့လို့များ
နောင်ဘ၀ ရောက်ခဲ့လို့.....ငါသာတန်ခိုးရှင်တယောက်ဖြစ်ခဲ့ရင်။
ချစ်သူ.....................။
မင်း က ရေ ဖြစ်မယ်ခဲ့ဆိုရင်..........
ငါကိုယ် ငါ နေ အဖြစ်ဖန်ဆင်းပြီး
မင်း ရဲ့ အညစ်အကြေးတွေ
စွန်းနေ တဲ့ အရောင် တွေကိုစုပ်ပြီး
သန့်စင် တဲ့ရေကိုမှ မိုးအဖြစ်
ခြောက်သွေ့ တဲ့နေရာမှာ ရွာချပြီး
မင်းကြောင့် လူတွေ ပျော်အောင်လုပ်ပေးမယ်.........ချစ်သူ။
ချစ်သူ......................။
မင်းက ရေအိုင်ငယ် လေးတခုဖြစ်မယ်ဆိုရင်............
မင်းရဲ့ ဘေးပတ်လည်မှာ
ငါကိုယ်ငါ ကန္နာရ အဖြစ်ဖန်တီးပြီး............
ခရီးသွားတွေ မင်းကိုတန်ဖိုးထားအောင် ငါလုပ်ပေးမယ်.......ချစ်သူ။
ချစ်သူ.....................။
မင်းသာ social network တခုဖြစ်ခဲ့ရင်..........
ငါ ကျန်တဲ့ social network တွေကို Access Denied ဖြစ်အောင်လုပ်ပြီး
User တွေ မင်းကိုပဲ သုံး အောင်
ငါလုပ်ပေးပါမှာ ချစ်သူ.................။
ချစ်သူ.....................။
မင်းကကောင်မလေး တယောက်ဆိုရင်..........
ငါကိုယ်ငါ ကမ္ဘာကျော် တယောက်အဖြစ်ဖန်ဆင်းပြီး
မင်းကိုလက်ထပ်ပြီး
ကမ္ဘာကျော် တယာက်ရဲ့ ဇနီး အဖြစ်
မင်း ဂုဏ်ယူနိုင်အောင်
ငါလုပ်ပေးမှာပါ........ချစ်သူ။
ချစ်သူ......................။
ယုံပါကွာ ငါမင်းကို ချစ်တဲ့အချစ်က........
တခဏ တာလည်း မဟုတ်ပါဘူး
တဘာဝ တာလည်း မကပါဘူး......
နောက်များ နောက်များ ဘ၀တွေရှိခဲ့ ရင်လည်း.....
ငါမင်းကို ဘ၀ဆက်တိုင်းချစ်နေမှာ ပါချစ်သူ.............။
ငါမင်းကို ချစ်တာ ပေးဆပ်ချင်ယုံသက်သက်ပါပဲ
ချစ်သူ။........................။

No comments:
Post a Comment