မသေချာမှုတွေ မရေရာမှုတွေ
အဆင်မပြေမှုတွေ လွဲချော်မှုတွေ
အဆီအငေါ်မတည့်တာတွေ
ရတာ မလို လိုတာ မရ
ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကိုပဲ
အမြဲ ဦးစားပေးနေရတဲ့ လောကကြီးမှာ
နှလုံးသား ရဲ့ ဆန္ဒအတိုင်း
လုပ်ချင်တာလေး တခုတော့
ငါ့ကို လုပ်ခွင့်ပြုပါ ချစ်သူ................။
မှင်နီကြက်ခြေခတ်တွေများ ခဲ့တဲ့ နင့်ရဲ့ အတိတ်က
ငါ့ အတွက် စိတ်ပျက်စရာမဟုတ်ပါဘူး
ချစ်သူ
ချစ်တယ် ဆိုတဲ့ အရာ တခုနဲ့တင်
အရာအားလုံးကို ဖျောက်ပစ်နိုင်ပါတယ်
ချစ်သူ......။
နင်ရဲ့ အနာဂါတ်ကို သာ
အလှပဆုံးဖြတ်အောင် ရေးဆွဲဖို့
ငါ့ကို အခွင့်အရေးပေးပါတော့ ချစ်သူ...........။
အရာ အားလုံးကို စွန့်လွှတ်လိုက်ရရင်တောင်
ငါ့ ဘေးမှာ နင်ရှိနေရင်အရာရာ ပြည့်စုံနေပြီလေ ...........♥♥♥
ကျွန်တော် ရဲ့ ကိုယ်တိုင်ရေးတဲ့ ကဗျာတွေ စာတွေ အားလုံးကို တနေရာထဲ စုစည်းပြီး လုပ်ထားတဲ့ ဘလော့လေးပါ လာရောက်အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်..။
Thursday, December 20, 2012
ထာဝရ
ချစ်သူ.....ငါ့ကို
အများကြီး ချစ်ဖို့ မလိုပါဘူး
နဲနဲ နဲ့ ထာဝရ ချစ်နေရင်တော်ပါပြီ............ ..........။
ချစ်သူ ငါ့ကို
လူတွေ အများကြီး
ချစ်ဖို့ မလိုပါဘူး
နင့်တယောက်ထဲ ချစ်ရင်
ငါ့ အတွက်ပြည့်စုံပါပြီ
ချစ်သူ ငါ့ကို
အကြင်နာတွေ
အများကြီးပေးဖို့ မလိုပါဘူး
ပင်ပန်းနေတဲ့ အချိန်မှာ
တခါလောက်ပြုံးပြရင်
လုံလောက်ပါပြီ
ချစ်သူ ငါ့ကို
အရမ်းဂရုတစိုက်နဲ့
အလေးထားစရာမလိုပါဘူး
ချစ်လားလို့မေးရင်
အလိုက်သင့်နဲ့ ခေါင်းညိမ့်ပေးရင်
မင်း တာဝန်ကျေပါပြီ
ငါ့ နားမှာ နင်သာ ရှိမယ်ဆိုရင်
ငါ့ ဘ၀ ပြည့်စုံနေပါပြီ
အရာအာလုံးကို စွန့်လွှတ်နိုင်ပါတယ် ♫♫♫
အများကြီး ချစ်ဖို့ မလိုပါဘူး
နဲနဲ နဲ့ ထာဝရ ချစ်နေရင်တော်ပါပြီ............
ချစ်သူ ငါ့ကို
လူတွေ အများကြီး
ချစ်ဖို့ မလိုပါဘူး
နင့်တယောက်ထဲ ချစ်ရင်
ငါ့ အတွက်ပြည့်စုံပါပြီ
ချစ်သူ ငါ့ကို
အကြင်နာတွေ
အများကြီးပေးဖို့ မလိုပါဘူး
ပင်ပန်းနေတဲ့ အချိန်မှာ
တခါလောက်ပြုံးပြရင်
လုံလောက်ပါပြီ
ချစ်သူ ငါ့ကို
အရမ်းဂရုတစိုက်နဲ့
အလေးထားစရာမလိုပါဘူး
ချစ်လားလို့မေးရင်
အလိုက်သင့်နဲ့ ခေါင်းညိမ့်ပေးရင်
မင်း တာဝန်ကျေပါပြီ
ငါ့ နားမှာ နင်သာ ရှိမယ်ဆိုရင်
ငါ့ ဘ၀ ပြည့်စုံနေပါပြီ
အရာအာလုံးကို စွန့်လွှတ်နိုင်ပါတယ် ♫♫♫
Wednesday, December 19, 2012
အလွမ်းရဲ့ တနေရာ
ချစ်သူ
မင်းရွေးတဲ့ လမ်းက မှန်တယ်ထင်ရင်
မင်း ငါ့ကို ထားခဲ့ပြီး
ရဲရဲသာရှေ့ဆက်သွားပါ
အကယ်၍များ
မင်းလမ်းပျောက်သွားခဲ့တယ်ဆိုရင်
လာရာ လမ်းအတိုင်း
နောက်ကိုပြန်လျှောက်ခဲ့ပါ
အလွမ်းရဲ့ တနေရာမှာ
ငါမင်းအတွက်အမြဲအသင့်ရှိနေပါတယ်
ချစ်သူ.............။
===========================
ချစ်တဲ့ သူတိုင်းပေါင်းဖတ်နိုင်ပါစေ
မင်းရွေးတဲ့ လမ်းက မှန်တယ်ထင်ရင်
မင်း ငါ့ကို ထားခဲ့ပြီး
ရဲရဲသာရှေ့ဆက်သွားပါ
အကယ်၍များ
မင်းလမ်းပျောက်သွားခဲ့တယ်ဆိုရင်
လာရာ လမ်းအတိုင်း
နောက်ကိုပြန်လျှောက်ခဲ့ပါ
အလွမ်းရဲ့ တနေရာမှာ
ငါမင်းအတွက်အမြဲအသင့်ရှိနေပါတယ်
ချစ်သူ.............။
===========================
ချစ်တဲ့ သူတိုင်းပေါင်းဖတ်နိုင်ပါစေ
ရော့ငါ့ နှလုံးသားကို ယူ
နင်ထင်နေတာလား
ငါက နင့်ကို
အချိန်တန်ရင်
မေ့ပျောက်သွားမယ်
ကြာလာရင်
စိတ်ကုန်သွားမယ်
အချိန် တခုရောက်ရင်
ရင်ခွင်ပြောင်းသွားမှာပါ
ဆိုပြီးတော့ နင်ထင်နေတာလား
အဲလို ဆို နင်မှားပြီ
ငါက နင့်ကို
စက္ကန့်တိုင်း
စက္ကန့်တိုင်း မှာ
အရင်ထက်
ပိုချစ်ချစ်လာတာပါချစ်သူ... ....။
မကုန်ဆုံး နိုင်သေးတဲ့
စက္ကန့် တွေ လိုပဲ
မရေတွက်နိုင်တဲ့
အချစ်တွေလဲ
ငါ ရင်ဘတ်ထဲမှာ
နင့်အတွက်အပြည့်ရှိတယ်ချစ်သူ.......
ရော့ငါ့ နှလုံးသားကို ယူ
နင် အပျင်းပြေကစားဖို့-------------------♥
ငါက နင့်ကို
အချိန်တန်ရင်
မေ့ပျောက်သွားမယ်
ကြာလာရင်
စိတ်ကုန်သွားမယ်
အချိန် တခုရောက်ရင်
ရင်ခွင်ပြောင်းသွားမှာပါ
ဆိုပြီးတော့ နင်ထင်နေတာလား
အဲလို ဆို နင်မှားပြီ
ငါက နင့်ကို
စက္ကန့်တိုင်း
စက္ကန့်တိုင်း မှာ
အရင်ထက်
ပိုချစ်ချစ်လာတာပါချစ်သူ...
မကုန်ဆုံး နိုင်သေးတဲ့
စက္ကန့် တွေ လိုပဲ
မရေတွက်နိုင်တဲ့
အချစ်တွေလဲ
ငါ ရင်ဘတ်ထဲမှာ
နင့်အတွက်အပြည့်ရှိတယ်ချစ်သူ.......
ရော့ငါ့ နှလုံးသားကို ယူ
နင် အပျင်းပြေကစားဖို့-------------------♥
ဘယ်ဟာ အမှန်တရားလဲ
လှပတဲ့ စကားလုံးတွေက
အချစ်မဟုတ်ဘူး
နားထောင်ကောင်းတဲ့
စကားလုံးတွေက
ကတိ သစ္စာမဟုတ်ဘူး
နင် အထပ်ထပ်အခါခါ ပြောနေတဲ့
နောက်ဆုံးအချိန်ထိဆိုတဲ့ စကားက
အမှန်တရား ဖြစ်ချင်မှဖြစ်မယ်
ငါပြောပြောနေတဲ့
နောက်ဆုံးထွက်သက်ထိ
ချစ်နေမယ်ဆိုတဲ့ စကားက
အခုချိန် နင့်အတွက် ပျက်လုံးတခု
ဖြစ်နေမှာသေချာတယ်
»»»သေချာတာတခုကတော့
ဘယ်အရာက အမှန်တရားလဲဆိုကတော့
အချိန် ဆိုတဲံအရာက
အသိအမှတ်ပြုပေးလိမ့်မယ်«««
အချစ်မဟုတ်ဘူး
နားထောင်ကောင်းတဲ့
စကားလုံးတွေက
ကတိ သစ္စာမဟုတ်ဘူး
နင် အထပ်ထပ်အခါခါ ပြောနေတဲ့
နောက်ဆုံးအချိန်ထိဆိုတဲ့ စကားက
အမှန်တရား ဖြစ်ချင်မှဖြစ်မယ်
ငါပြောပြောနေတဲ့
နောက်ဆုံးထွက်သက်ထိ
ချစ်နေမယ်ဆိုတဲ့ စကားက
အခုချိန် နင့်အတွက် ပျက်လုံးတခု
ဖြစ်နေမှာသေချာတယ်
»»»သေချာတာတခုကတော့
ဘယ်အရာက အမှန်တရားလဲဆိုကတော့
အချိန် ဆိုတဲံအရာက
အသိအမှတ်ပြုပေးလိမ့်မယ်«««
နတ်သမီး ထောင်ခြောက်
အလုပ်တခုကို လုပ်မယ်ဆိုရင်
ကိုယ်လုပ်တာ ဘယ်အထိ
ခရီးရောက်နေပြီလဲ
သေချာသိအောင် အရင်လုပ်
ကိုယ်တိုင်တောင်
ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိဖြစ်နေရင်
အဲဒီ ကိစ္စ ဘယ်လိုအောင်မြင်မလဲ ♥♥♥
လောကကြီးမှာ
ကိုယ်တယောက်ပဲ မုဆိုးလို့ ထင်မနေပါနဲ့
တခါတလေ မုဆိုး သားကောင်ဖြစ်တတ်တယ်............ ...။
ဘ၀က မင်းထင်နေတဲ့
လက်ကွက်မှန်တာနဲ့ အဖြေမှန်ထွက်တဲ့
ဂဏန်းပေါင်းစက် တခု မဟုတ်ဘူး..........။
လူတွေ ကလဲ မင်းရေးထားတဲ့
ဇာတ်ညွန်း ထဲက
ဇာတ်ကောင်တွေထက်
ခပ်ညံညံမဟုတ်ဘူးဆိုရင်တော့
နောက်ဆုံးတော့မင်းပဲ ပြန်ခံစားရမှာပဲ~~~~~~~
အရမ်းကောင်းတဲ့ စကားတခွန်းရှိတယ်
နတ်သမီးထောင်ခြောက်ထဲမှာ
နတ်သမီးလေးလဲ
အတူထောင်ခြောက်မိနေတယ်.....။
ကိုယ်လုပ်တာ ဘယ်အထိ
ခရီးရောက်နေပြီလဲ
သေချာသိအောင် အရင်လုပ်
ကိုယ်တိုင်တောင်
ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိဖြစ်နေရင်
အဲဒီ ကိစ္စ ဘယ်လိုအောင်မြင်မလဲ ♥♥♥
လောကကြီးမှာ
ကိုယ်တယောက်ပဲ မုဆိုးလို့ ထင်မနေပါနဲ့
တခါတလေ မုဆိုး သားကောင်ဖြစ်တတ်တယ်............
ဘ၀က မင်းထင်နေတဲ့
လက်ကွက်မှန်တာနဲ့ အဖြေမှန်ထွက်တဲ့
ဂဏန်းပေါင်းစက် တခု မဟုတ်ဘူး..........။
လူတွေ ကလဲ မင်းရေးထားတဲ့
ဇာတ်ညွန်း ထဲက
ဇာတ်ကောင်တွေထက်
ခပ်ညံညံမဟုတ်ဘူးဆိုရင်တော့
နောက်ဆုံးတော့မင်းပဲ ပြန်ခံစားရမှာပဲ~~~~~~~
အရမ်းကောင်းတဲ့ စကားတခွန်းရှိတယ်
နတ်သမီးထောင်ခြောက်ထဲမှာ
နတ်သမီးလေးလဲ
အတူထောင်ခြောက်မိနေတယ်.....။
လျှော့မတွက်ပါနဲ့
အချစ်က
မင်းတွက်နေကျ
သချာင်္ တွေလို
ပုံသေ နည်းမှန်တယ်
အဆင့် မကျန်ဘူးဆိုရင်
အဖြေမှန်ထွက်တယ်ဆိုတဲ့
ရိုးရှင်းတဲ့ ပုစ္ဆာတပုဒ်
မဟုတ်တာတော့ သေချာတယ်
မင်းတို့ ငါတို့ ထင်သလို
အချစ်က
ရိုးရိုးရှင်းရှင်းလေး မဟုတ်ဘူး
အခက် မသင့်ရင်
နှလုံးသားတွေကို
ပြာကျသွားမယ်
ဘ၀ မှာ အဖုအထစ်လေးတွေ
ထားခဲ့မယ်
တိုက်ဆိုင် မှုလေးတွေရှိတိုင်း
တွေဝေ ပြီးစဉ်းစားတတ်အောင်
သင်ပေးသွားလိမ့်မယ်~~~~။
ပြီးရင် မင်း ပါးပြင်ပေါ်မှာ
ပူနွေးတဲ့စီးချောင်းလေး တခု စီးဆင်းလိမ့်မယ်...။
မင်းတွက်နေကျ
သချာင်္ တွေလို
ပုံသေ နည်းမှန်တယ်
အဆင့် မကျန်ဘူးဆိုရင်
အဖြေမှန်ထွက်တယ်ဆိုတဲ့
ရိုးရှင်းတဲ့ ပုစ္ဆာတပုဒ်
မဟုတ်တာတော့ သေချာတယ်
မင်းတို့ ငါတို့ ထင်သလို
အချစ်က
ရိုးရိုးရှင်းရှင်းလေး မဟုတ်ဘူး
အခက် မသင့်ရင်
နှလုံးသားတွေကို
ပြာကျသွားမယ်
ဘ၀ မှာ အဖုအထစ်လေးတွေ
ထားခဲ့မယ်
တိုက်ဆိုင် မှုလေးတွေရှိတိုင်း
တွေဝေ ပြီးစဉ်းစားတတ်အောင်
သင်ပေးသွားလိမ့်မယ်~~~~။
ပြီးရင် မင်း ပါးပြင်ပေါ်မှာ
ပူနွေးတဲ့စီးချောင်းလေး တခု စီးဆင်းလိမ့်မယ်...။
ဘယ်သူ့အမှားလဲ
ဝင် မလာစေချင်ဘူးဆိုရင်
အစကတည်းက
တံခါးကို ပိတ်ထားလိုက်ပါ
တံခါး ဖွင့်ပေးပြီးမှ
မ၀င်လာနဲ့ဆိုရင်
ဘယ်သူအမှားလဲ
ဝင်လာတဲ့ လူု အမှားလား
တံခါးဖွင့်ပေးတဲ့ လူအမှားလား
မဖြစ် လာနိုင်မှန်း သိရင်
အစကတည်းက
မျှော်လင့်ချက်တွေ မပေးပါနဲ့
အိမ်မက်တွေ မက်ရတာ
ပင်ပန်းလွန်းလို့ပါ ချစ်သူ
အတူတူ ရှေ့ဆက်ဖို့
မဖြစ်နိုင်မှန်း နင် ကြိုသိထားရင်
ငါ့ ကိုခပ်ဝေးဝေးကတည်းက
တာ့ တာ့ ပြပြီး နှုတ်ဆက်လိုက်ပေါ့
အနားကို လက်ယှက်ခေါ်ပြီးမှ
ခပ်ဝေးဝေးကို ထွက်ပြေးတော့
ငါ ဘယ်လို ဖြေသိမ့်ရမှာလဲ
နင့် မှားတာ လား
ငါ မမှန်တာလား..............................♫
အစကတည်းက
တံခါးကို ပိတ်ထားလိုက်ပါ
တံခါး ဖွင့်ပေးပြီးမှ
မ၀င်လာနဲ့ဆိုရင်
ဘယ်သူအမှားလဲ
ဝင်လာတဲ့ လူု အမှားလား
တံခါးဖွင့်ပေးတဲ့ လူအမှားလား
မဖြစ် လာနိုင်မှန်း သိရင်
အစကတည်းက
မျှော်လင့်ချက်တွေ မပေးပါနဲ့
အိမ်မက်တွေ မက်ရတာ
ပင်ပန်းလွန်းလို့ပါ ချစ်သူ
အတူတူ ရှေ့ဆက်ဖို့
မဖြစ်နိုင်မှန်း နင် ကြိုသိထားရင်
ငါ့ ကိုခပ်ဝေးဝေးကတည်းက
တာ့ တာ့ ပြပြီး နှုတ်ဆက်လိုက်ပေါ့
အနားကို လက်ယှက်ခေါ်ပြီးမှ
ခပ်ဝေးဝေးကို ထွက်ပြေးတော့
ငါ ဘယ်လို ဖြေသိမ့်ရမှာလဲ
နင့် မှားတာ လား
ငါ မမှန်တာလား..............................♫
ရက်စက် ပါချစ်သူ
နောက်ပြန် လှည့်ကြည့်ဖို့
ခက်နေတဲ့ ဘဝ
ရှေ့ကို ဘယ်လို
တိုးရမလဲ....။
မကြင်ရက်သူရေ
ရင်ထက် အပူကို
မြင်လှည့်....
နင်...
ဖျက်စီးခဲ့တဲ့
ငါ့ နှလုံးသားကို
အမုန်းတရားအပြည့်နဲ့
ထိုးနှက် ဦးမလို့လား...။
ရက်စက်ပါ ချစ်သူ
မင်းကို.....
မလျစ်လျူရှု နိုင်သရွေ့
မမေ့ နိုင်သရွေ့
ငါ......
မင်းအနားမှာ ခစား
ည များစွာကို
အလွမ်းနဲ့....
ကျော်ဖြတ် နေမှာပါ...............။
ခက်နေတဲ့ ဘဝ
ရှေ့ကို ဘယ်လို
တိုးရမလဲ....။
မကြင်ရက်သူရေ
ရင်ထက် အပူကို
မြင်လှည့်....
နင်...
ဖျက်စီးခဲ့တဲ့
ငါ့ နှလုံးသားကို
အမုန်းတရားအပြည့်နဲ့
ထိုးနှက် ဦးမလို့လား...။
ရက်စက်ပါ ချစ်သူ
မင်းကို.....
မလျစ်လျူရှု နိုင်သရွေ့
မမေ့ နိုင်သရွေ့
ငါ......
မင်းအနားမှာ ခစား
ည များစွာကို
အလွမ်းနဲ့....
ကျော်ဖြတ် နေမှာပါ...............။
ငါ မသိပါဘူး
လိမ်နေတာကို သိပေမယ့် လဲ
နင်စိတ်ချမ်းသာအာင်
ပြောသမျှ ပါးစပ်ပိတ်ပြီး
နားထောင်တတ်တာက
ငါ့အကျင့်ပါ ချစ်သူ...........။
နင်ညာနေ တာကို သိပေမယ့်လဲ
နင် စိတ်မကျဉ်းကျပ်အောင်
မသိချင်ယောင်ဆောင်ပေးတာကလဲ
ငါ့ရဲ့ တာဝန် တခုလိုပါပဲချစ်သူ........။
နင်ရဲ့ ပျော်ရွှင်မှု က
ငါ့ရဲ့ ရပ်တည်မှုဖြစ်နေတော့လဲ
ဘယ်လိုလုပ်မလဲ...............။
လမိုက်ညတွေကို ကျော်လွန်ဖို့
ခုနှစ် သက္ကရဇ် ဘယ်လောက်ကြာကြာ
စောင့်နေမှာလဲ ဟာ..............။
နင်စိတ်ချမ်းသာအာင်
ပြောသမျှ ပါးစပ်ပိတ်ပြီး
နားထောင်တတ်တာက
ငါ့အကျင့်ပါ ချစ်သူ...........။
နင်ညာနေ တာကို သိပေမယ့်လဲ
နင် စိတ်မကျဉ်းကျပ်အောင်
မသိချင်ယောင်ဆောင်ပေးတာကလဲ
ငါ့ရဲ့ တာဝန် တခုလိုပါပဲချစ်သူ........။
နင်ရဲ့ ပျော်ရွှင်မှု က
ငါ့ရဲ့ ရပ်တည်မှုဖြစ်နေတော့လဲ
ဘယ်လိုလုပ်မလဲ...............။
လမိုက်ညတွေကို ကျော်လွန်ဖို့
ခုနှစ် သက္ကရဇ် ဘယ်လောက်ကြာကြာ
စောင့်နေမှာလဲ ဟာ..............။
မျှော်လင့်ချက်.....
မျှော်လင့်ချက်..............
ေ မျှာ်လင့်ချက်.........
မျှော်လ င့်ချက်.................။
အဲဒီ စကားလုံး
အဲဒီ ခံစားချက်တွေကို
ငါ့ ဘ၀၊ ငါ့ အဘိဓာန်မှာ
မေ့ပြစ်ထားတာ
ဖျောက်ပစ်ထားတာ
အတော်လေးကို ကြာပါပြီ....။
ဒါပေမယ့် အခု မင်းက
ပြန်ရေးပေးပြီး
ခံစားတတ်အောင်
သင်ပေးပြီးမှ
ငါ့ ဘ၀ထဲက ပြန်ထွက်သွားတော့.............. ........။
အဲဒီ စကားလုံး
အဲဒီ့ ခံစားချက်တွေကို
ပြန်ဖျောက်ပစ်ဖို့
အချိန်ဘယ်လောက်
ကြာကြာကြိုးစားရအုံးမှာလဲ ချစ်သူ...............။
အရာအားလုံးကို
စွန့်လွှတ်လိုက်ရ ရင်တောင်
သတိရခြင်းနဲ့
ဆက်ချစ်နေခွင့်လေးကိုတော့
နောက် ဆုံးထွက်သက်ထိ ငါပိုင်ပါသေးတယ်............။
ေ
မျှော်လ
အဲဒီ စကားလုံး
အဲဒီ ခံစားချက်တွေကို
ငါ့ ဘ၀၊ ငါ့ အဘိဓာန်မှာ
မေ့ပြစ်ထားတာ
ဖျောက်ပစ်ထားတာ
အတော်လေးကို ကြာပါပြီ....။
ဒါပေမယ့် အခု မင်းက
ပြန်ရေးပေးပြီး
ခံစားတတ်အောင်
သင်ပေးပြီးမှ
ငါ့ ဘ၀ထဲက ပြန်ထွက်သွားတော့..............
အဲဒီ စကားလုံး
အဲဒီ့ ခံစားချက်တွေကို
ပြန်ဖျောက်ပစ်ဖို့
အချိန်ဘယ်လောက်
ကြာကြာကြိုးစားရအ
အရာအားလုံးကို
စွန့်လွှတ်လိုက်ရ ရင်တောင်
သတိရခြင်းနဲ့
ဆက်ချစ်နေခွင့်လေးကိုတော့
နောက်
ချစ်သူ..........♥
ချစ်သူ......
ခံစားချက်တွေနဲ့သာ ဖန်တီးထားတဲ့
နှလုံးသားစစ်သလင်းမှာ
ငါရဲ့ နူးညံ့မှုတွေ ပြည့်နေတဲ့အချစ်နဲ့
နင့်ရဲ့ခါးသီးတဲ့ အမုန်းတွေ
ရင်ဆိုင် စစ်ခင်းကြမယ်ဆိုရင်
နင့်ရဲ့အမုန်း စစ်သည်တွေရဲ့
မာယာ ဓါးသွားအောက်မှာ
ငါ့ အချစ်တွေ ကို
ကျေနပ်စွာ ကျဆုံးပေးလိုက်မှာပါ.....။
ရက်စက်မှုတွေနဲ့
ဇာတ်လမ်း တပုဒ်ကို
နင်အဆုံးသတ်ပြီး
အလွမ်းတွေကို
နူတ်ဆက်လက်ဆောင်အဖြစ်
နင်ပေးခဲ့ရင် တောင်
ငါလွမ်းတဲ့အလွမ်းတွေကို
နှလုံးသားကစီးတဲ့ ကဗျာတစ်ပုဒ်အဖြစ်
သိမ်းထုတ်ပြီး
ချိုမြိန်တဲ့အလွမ်း လို့
ခေါင်းစဉ်တပ်လိုက်မယ်
ရက်စက်မှုတွေနဲပြည့်နေတဲ့
မင်းလေးကိုမှ
ချစ်မိခဲ့လေတော့ လဲ
မင်းလေး ပေးတဲ့ ရက်စက်မှုတွေကိုပဲ
အလှပဆုံးလက်ဆောင်
တစ်ခုအဖြစ်ပြောင်းပြီး
ဆက်ချစ်နေဦးမှာ
မကုန်နိုင်တဲ့မနက်ဖြန်တွေ
ရှိနေတရွေ့ပေါ့................ ....
ချစ်သူ------------------------ ။
ခံစားချက်တွေနဲ့သာ ဖန်တီးထားတဲ့
နှလုံးသားစစ်သလင်းမှာ
ငါရဲ့ နူးညံ့မှုတွေ ပြည့်နေတဲ့အချစ်နဲ့
နင့်ရဲ့ခါးသီးတဲ့ အမုန်းတွေ
ရင်ဆိုင် စစ်ခင်းကြမယ်ဆိုရင်
နင့်ရဲ့အမုန်း စစ်သည်တွေရဲ့
မာယာ ဓါးသွားအောက်မှာ
ငါ့ အချစ်တွေ ကို
ကျေနပ်စွာ ကျဆုံးပေးလိုက်မှာပါ.....။
ရက်စက်မှုတွေနဲ့
ဇာတ်လမ်း တပုဒ်ကို
နင်အဆုံးသတ်ပြီး
အလွမ်းတွေကို
နူတ်ဆက်လက်ဆောင်အဖြစ်
နင်ပေးခဲ့ရင် တောင်
ငါလွမ်းတဲ့အလွမ်းတွေကို
နှလုံးသားကစီးတဲ့ ကဗျာတစ်ပုဒ်အဖြစ်
သိမ်းထုတ်ပြီး
ချိုမြိန်တဲ့အလွမ်း လို့
ခေါင်းစဉ်တပ်လိုက်မယ်
ရက်စက်မှုတွေနဲပြည့်နေတဲ့
မင်းလေးကိုမှ
ချစ်မိခဲ့လေတော့ လဲ
မင်းလေး ပေးတဲ့ ရက်စက်မှုတွေကိုပဲ
အလှပဆုံးလက်ဆောင်
တစ်ခုအဖြစ်ပြောင်းပြီး
ဆက်ချစ်နေဦးမှာ
မကုန်နိုင်တဲ့မနက်ဖြန်တွေ
ရှိနေတရွေ့ပေါ့................
ချစ်သူ------------------------
မျှော်လင့်ချက်တွေ
ချစ်တယ် ချစ်တယ် ပြောပီး
ပစ်ပယ်သွားမယ့် အစား*****
မုန်းတယ် မုန်းတယ် ပြောပီး
ပြုံးပြ သွားတာမှ ကောင်းအုံးမယ်
မျှော်လင့်ချက်တွေ နဲ့
ရှင်သန်နေရတဲ့ ဘ၀ ထက်
မီးထဲ တိုးပြီး ဘ၀ဇာတ်သိမ်းသွားတဲ့
ပိုးဖလန် တကောင်ရဲ့ဘ၀ က ပိုပြီး
သာပါသေးတယ်
ဘ၀ အပြတ်ခံပြီးတော့
သူ့ ဖြစ်ချင်တာကို လုပ်လိုက်တာလေ.........♫♫
ပစ်ပယ်သွားမယ့် အစား*****
မုန်းတယ် မုန်းတယ် ပြောပီး
ပြုံးပြ သွားတာမှ ကောင်းအုံးမယ်
မျှော်လင့်ချက်တွေ နဲ့
ရှင်သန်နေရတဲ့ ဘ၀ ထက်
မီးထဲ တိုးပြီး ဘ၀ဇာတ်သိမ်းသွားတဲ့
ပိုးဖလန် တကောင်ရဲ့ဘ၀ က ပိုပြီး
သာပါသေးတယ်
ဘ၀ အပြတ်ခံပြီးတော့
သူ့ ဖြစ်ချင်တာကို လုပ်လိုက်တာလေ.........♫♫
ရင့်ကျက်မှု
ငိုချင်ပေမယ့်
ပြုံးပြနေရတာ
ပြောချင်ပေမယ့် ချေဖျက်လိုက်ရတာ
ပေါက်ကွဲချင်ပေမယ့်
မျိုသိပ် လိုက်ရတာ
ရင်နာပေမယ့်
ဟန်ဆောင်နေရတာ
အရမ်းချစ်တဲ့ လူတစ်ယောက်ရဲ့
ရင့်ကျက်မှု တွေပါပဲလား♥♥♥♬
ပြုံးပြနေရတာ
ပြောချင်ပေမယ့် ချေဖျက်လိုက်ရတာ
ပေါက်ကွဲချင်ပေမယ့်
မျိုသိပ် လိုက်ရတာ
ရင်နာပေမယ့်
ဟန်ဆောင်နေရတာ
အရမ်းချစ်တဲ့ လူတစ်ယောက်ရဲ့
ရင့်ကျက်မှု တွေပါပဲလား♥♥♥♬
အချစ် ရဲ့ ဂုဏ်သိက္ခာ
အချစ်ရဲ့ဂုဏ်သတ္တိကို
မြှင့်တင်ပေးတာအလွမ်း
မလွမ်းတတ်တဲ့အချစ်က
ဆားမပါတဲ့ဟင်းလိုပဲ
အရမ်းလွမ်းတတ်မှ
အရမ်းချစ်တတ်မှာ...♥♥♥
ငါဘယ်လောက် သူ့ကို
လွမ်းဖူးပါလိမ့်.......။
မြှင့်တင်ပေးတာအလွမ်း
မလွမ်းတတ်တဲ့အချစ်က
ဆားမပါတဲ့ဟင်းလိုပဲ
အရမ်းလွမ်းတတ်မှ
အရမ်းချစ်တတ်မှာ...♥♥♥
ငါဘယ်လောက် သူ့ကို
လွမ်းဖူးပါလိမ့်.......။
အချစ် ဆိုတာ........
အချစ်ဆိုတာ
ပုံစံတစ်မျိုးတည်းရှိရမယ်လို့ ဘယ်သူပြောလဲ.......
မင်းအတွက်အချစ်က
ပါးချိုင့်လေးတစ်ခုဖြစ်နိုင်သလို.......
ငါ့အတွက်အချစ်က
ရေစိုနေတဲ့ကောင်းမလေးတယောက် ရဲ့
နှုတ်ခမ်းတစ်စုံလည်းဖြစ်နိုင်သလို
တခစ်ခစ် နဲ့ပါးစပ်လေး ပိတ်ပြီး
ရယ်တတ်တဲ့ ကောင်မလေး
တယောက်ရဲ့ နှုတ်ခမ်းတစုံလဲ
ဖြစ်နိုင်တာပဲ....... လေ........
သေချာတာတခုကတော့....
မင်းရောငါရော.....
ချစ်သူကိုချစ်ကြတယ်ဆိုတာပါပဲ... .။
ပုံစံတစ်မျိုးတည်းရှိရမယ်လို့ ဘယ်သူပြောလဲ.......
မင်းအတွက်အချစ်က
ပါးချိုင့်လေးတစ်ခုဖြစ်နိုင်သလိ
ငါ့အတွက်အချစ်က
ရေစိုနေတဲ့ကောင်းမလေးတယောက် ရဲ့
နှုတ်ခမ်းတစ်စုံလည်းဖြစ်နိုင်သလို
တခစ်ခစ် နဲ့ပါးစပ်လေး ပိတ်ပြီး
ရယ်တတ်တဲ့ ကောင်မလေး
တယောက်ရဲ့ နှုတ်ခမ်းတစုံလဲ
ဖြစ်နိုင်တာပဲ....... လေ........
သေချာတာတခုကတော့....
မင်းရောငါရော.....
ချစ်သူကိုချစ်ကြတယ်ဆိုတာပါပဲ...
မင်း တယောက်ထဲပါ
ထားမသွားပါနဲ့ချစ်သူ
ငါ့ဘဝထဲမှာ မင်းမရှိရင်မနေတတ်လို့ပါ။
ဝေးမသွားပါနဲ့ချစ်သူ
ငါ့နှလုံးသားလည်ပတ်မှုတွေ ရပ်တန့်သွားမှာစိုးလို့ပါ။
မုန်းမသွားပါနဲ့ချစ်သူ
ငါ့နှလုံးသားက မင်းတစ်ယောက်ထဲပဲလက်ခံလို့ပါ။
ချစ်ပါရစေကွာချစ်သူ
ငါ့တစ်ဘဝလုံးမှာ မင်းတစ်ယောက်ထဲကိုပဲချစ်ချင်လို့ ပါ။
ငါ့ဘဝထဲမှာ မင်းမရှိရင်မနေတတ်လို့ပါ။
ဝေးမသွားပါနဲ့ချစ်သူ
ငါ့နှလုံးသားလည်ပတ်မှုတွေ ရပ်တန့်သွားမှာစိုးလို့ပါ။
မုန်းမသွားပါနဲ့ချစ်သူ
ငါ့နှလုံးသားက မင်းတစ်ယောက်ထဲပဲလက်ခံလို့ပါ။
ချစ်ပါရစေကွာချစ်သူ
ငါ့တစ်ဘဝလုံးမှာ မင်းတစ်ယောက်ထဲကိုပဲချစ်ချင်လို
Tuesday, December 18, 2012
သေချာပါတယ်............
နှလုံး တချက်ခုန်တိုင်း
မင်းကို သတိရနေတယ်
သီချင်း တပုဒ်နားထောင်လိုက်တိုင်း
မင်းအကြောင်း စဉ်းစားမိတယ်
ညစဉ်ည တိုင်း အိမ်မက်တွေထဲမှာ
မင်း နာမည်လေး ကို သတိရမိတယ်
အဲလို မျိုးလေးတွေကို
အချစ်လို့ ခေါင်းစဉ်တတ်မယ်ဆိုရင်တော့
သေချာပါတယ်
ငါ မင်းကို ချစ်နေမိပြီဆိုတာပါပဲ
ကောင်မလေးရေ
မလိမ်မညာဘဲ ရိုးရိုးသားသားပဲပြောမယ်
ငါမင်းကို ချစ်တယ်.....။
ငါ့ အသွေးအသားတွေထက်အားလုံး
ထက်မင်းကို
မင်းကို ချစ်တယ်........၊
မင်းကို သတိရနေတယ်
သီချင်း တပုဒ်နားထောင်လိုက်တိုင်း
မင်းအကြောင်း စဉ်းစားမိတယ်
ညစဉ်ည တိုင်း အိမ်မက်တွေထဲမှာ
မင်း နာမည်လေး ကို သတိရမိတယ်
အဲလို မျိုးလေးတွေကို
အချစ်လို့ ခေါင်းစဉ်တတ်မယ်ဆိုရင်တော့
သေချာပါတယ်
ငါ မင်းကို ချစ်နေမိပြီဆိုတာပါပဲ
ကောင်မလေးရေ
မလိမ်မညာဘဲ ရိုးရိုးသားသားပဲပြောမယ်
ငါမင်းကို ချစ်တယ်.....။
ငါ့ အသွေးအသားတွေထက်အားလုံး
ထက်မင်းကို
မင်းကို ချစ်တယ်........၊
Monday, December 17, 2012
သူငယ်ချင်း
အပြောအဆိုတွေ
ပြုမူ ဆက်ဆံရေး၊မူမမှန်တာတွေကို
ငါတောင်းပန်တယ်
နင် ငါ့ကို
ခွင့်လွှတ် နိုင်တဲ့
တနေ့ ဆက်သွယ်ပါ
နင့်အတွက်ဆို
အလွမ်းရဲ့ တနေရာမှာ
ရပ်တည်ပေးဖို့
အမြဲငါ အဆင်သင့်ရှိတယ်....။
ပြုမူ ဆက်ဆံရေး၊မူမမှန်တာတွေကို
ငါတောင်းပန်တယ်
နင် ငါ့ကို
ခွင့်လွှတ် နိုင်တဲ့
တနေ့ ဆက်သွယ်ပါ
နင့်အတွက်ဆို
အလွမ်းရဲ့ တနေရာမှာ
ရပ်တည်ပေးဖို့
အမြဲငါ အဆင်သင့်ရှိတယ်....။
ဘာတွေ ပဲ ဖြစ်နေပါစေ
ငါ ရင်ထဲမှာတော့
နင်က ထာဝရ
သူငယ်ချင်းတယောက်ပါပဲ။
ငါ ရင်ထဲမှာတော့
နင်က ထာဝရ
သူငယ်ချင်းတယောက်ပါပဲ။
ချစ်သူ
နင်ခလုတ်တိုက်ရင်တောင်
နင်ကခြေမလေးနာတာပါ
ငါကရင်ဘတ်ကြီးထဲကနာတာပါ...။
ချစ်သူ ..........
နင် ဖျားနေရင်တောင်
နင်က ကိုယ်တွေပဲ ပူတာပါ
ငါက နှလုံးသားထဲမှာ ပူလောင်နေတာပါ...........။
ချစ်သူ .......
နင် သေသွားရင်တောင်
နင်က အသက်သေသွားတာပါ
ငါက ဘ၀ တခုလုံး သေသွားတာပါ
စက္ကန့်တိုင်းမှာ နင့်ကို သတိရစိတ်လေးနဲ့ပေါ့
အဲဒါ လေးတော့နင်သိပါ.............။
နင်ခလုတ်တိုက်ရင်တောင်
နင်ကခြေမလေးနာတာပါ
ငါကရင်ဘတ်ကြီးထဲကနာတာပါ...။
ချစ်သူ ..........
နင် ဖျားနေရင်တောင်
နင်က ကိုယ်တွေပဲ ပူတာပါ
ငါက နှလုံးသားထဲမှာ ပူလောင်နေတာပါ...........။
ချစ်သူ .......
နင် သေသွားရင်တောင်
နင်က အသက်သေသွားတာပါ
ငါက ဘ၀ တခုလုံး သေသွားတာပါ
စက္ကန့်တိုင်းမှာ နင့်ကို သတိရစိတ်လေးနဲ့ပေါ့
အဲဒါ
ပြုံးနေပါတယ် ချစ်သူ......♥
ပြုံးပြုံးလေး နေနေလို့
ပျော်နေတယ်လို့
မင်းထင်နေတာလား
ချစ်သူ............။
ငါ့ အပြုံးတွေ ထဲမှာ
မျက်ရည်စက်တွေ ပျော်ဝင်နေတာကို
မင်း မှ မသိတာ
ချစ်သူလေးရယ်................။
ပျော်နေတယ်လို့
မင်းထင်နေတာလား
ချစ်သူ............။
ငါ့ အပြုံးတွေ ထဲမှာ
မျက်ရည်စက်တွေ ပျော်ဝင်နေတာကို
မင်း မှ မသိတာ
ချစ်သူလေးရယ်................။
Saturday, December 15, 2012
မနက်ဖြန်တွေ ရှိနေသရွှေ့
ဝေးသွားလည်း...ချစ်နေဆဲပါ................
ထားသွားလည်း..မျှော်နေဆဲပါ..............
စဉ်းစားတိုင်း ရင်ခုန်နေဆဲပါ
ရင်ခုန်တိုင်း သတိရနေဆဲပါ
သတိရတိုင်း လွမ်းနေဆဲပါ
လွမ်းတိုင်းလဲ...တမ်းတဆဲပါ ချစ်သူ...................။
မင်း က ငါ့ဘဝရဲ့ သခင်ငါ့....
နှလုံးသားရဲ့ အရှင်မင်း ထားလိုရာနေ
မင်း သွားလာလိုရာ သွား
မင်း ပြောသမျှကိုအမိန့်တခုလို နာခံတတ်တာ
ငါ့ အကျင့်ပါ
ချစ်သူ...................။
မင်း က အလိုမကျလို့
လမ်း ခွဲမယ် ဆိုတော့
ငါ ဘာပြောနိုင်မှာ လဲ
အင်း.......ပေါ့။
ငါ့ ဆန္ဒ မဟုတ်ပါဘူး
မင်း စိတ်ချမ်းသာဖို့ပါပဲ..........
ချစ်သူ.....................။
လမ်းခွဲ တုန်းက
မင်းပြောတဲ့ အဲဒီစကားလုံးတွေကို
ပြောသွားတာ အခုနကလိုပဲ
ငါ့ နားထဲမှာ ကြားနေတုန်းပဲ ချစ်သူ။
စဉ်းစားမိတိုင်း
နှလုံးသား ကို ဆူးနဲ့ ဆွသလို
တဆစ်ဆစ် နာတုန်းပဲ .............။
(ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲနေတုန်းပဲ)
ငါ့ ဘ၀ မှာ အချစ်စစ်ကို
မင်းနဲ့ စတင်ရှာတွေ့ခဲ့ တာ
အဆုံးသတ် ကိုလဲ
မင်း နဲ့ ပဲအဆုံးသတ်ချင်တယ်
ချစ်သူ
ငါ့ ဘ၀ရဲ့ နောက်ဆုံး ထွက်သက်ထိပေါ့............ ။
(မဖြစ်နို်င် မှန်းလဲ သိပါတယ်)
ငါနဲ့ လမ်းခွဲပြီး
မင်း ဘယ်သူတွေ နဲ့ပဲ တွဲတွဲ
ဘာတွေ ပဲဖြစ်နေ ဖြစ်နေ
ငါ့ ရင်ခုန်သံတွေက တော့ မင်း
ပြန်လာမယ့် ရက်ကို မျှော်နေဆဲပါ
ချစ်သူ..................
ဒါကငါ့ဘဝရဲ့
ရူးနမ်းတဲ့ အိမ်မက်လေ။
ငုဝါတွေ ပြာသွားတယ်.....။
ကမ္ဘာကြီးပြောင်းပြန် လှန်ပြီး
နောက်ဘက်ကနေ
နေထွက်လာတယ် ဆိုရင်တောင်
မင်း ယုံလိုက်ချစ်သူ.....
ငါ မင်းကိုမချစ်တော့ ဘူးဆိုရင်တော့
မင်း ဟားတိုက်တာ ရယ်လိုက်ချစ်သူ
မနက်ဖြန် တွေရှိနေသရွေ့ပေါ့.............
ငါ.......မင်း......ကို........။
ဝေးသွားလည်း...ချစ်နေဆဲပါ................
ထားသွားလည်း..မျှော်နေဆဲပါ..............
စဉ်းစားတိုင်း ရင်ခုန်နေဆဲပါ
ရင်ခုန်တိုင်း သတိရနေဆဲပါ
သတိရတိုင်း လွမ်းနေဆဲပါ
လွမ်းတိုင်းလဲ...တမ်းတဆဲပါ
မဖြစ်နိုင်လဲ.......တမ်းတဆဲပါ..................
ချစ်သူ...................။
အရူး
အရူးတော့ အရူးပဲ
အချစ်ဦးကို
အရူးမှုးချစ်မိလို့
ပတ်ဝန်းကျင်က
နာမည်ပေးလည်း
မျက်စိကိုစုံမှိတ်
အချစ်တွေကို နှလုံးသားထဲ
ထည့်သယ်ပြီး
နားကိုပိတ်
အသည်းပေါက်မတတ်
ချစ်နေသူကို
မင်းကလျှစ်လျှုရှုပြီး
မတူမတန်သလို
ခါးခါးသီးသီး ဆက်ဆံနေတော့
ခုချိန်မှာ ငါနှုတ်ဆိတ်နေလိုက်ပါ့မယ်
ငါ့အချစ်တွေကို
မင်းမြင်လာမယ့်အချိန်ကို
စက္ကန့်တွေရေတွက်ရင်း
ငါစောင့်နေတယ်…ချစ်သူ။
(မင်းကိုဆို ငါ့နှလုံးသားကအချိန်တိုင်း စောင့်မျှော်လျှက်ပါ…….။
အချစ်ဦးကို
အရူးမှုးချစ်မိလို့
ပတ်ဝန်းကျင်က
နာမည်ပေးလည်း
မျက်စိကိုစုံမှိတ်
အချစ်တွေကို နှလုံးသားထဲ
ထည့်သယ်ပြီး
နားကိုပိတ်
အသည်းပေါက်မတတ်
ချစ်နေသူကို
မင်းကလျှစ်လျှုရှုပြီး
မတူမတန်သလို
ခါးခါးသီးသီး ဆက်ဆံနေတော့
ခုချိန်မှာ ငါနှုတ်ဆိတ်နေလိုက်ပါ့မယ်
ငါ့အချစ်တွေကို
မင်းမြင်လာမယ့်အချိန်ကို
စက္ကန့်တွေရေတွက်ရင်း
ငါစောင့်နေတယ်…ချစ်သူ။
(မင်းကိုဆို ငါ့နှလုံးသားကအချိန်တိုင်း စောင့်မျှော်လျှက်ပါ…….။
ခဏ…လေးပါ
ခဏလေးမှ တကယ်ခဏလေးပါ…။
ငါ့သွေးကြောတွေ ပြောင်းပြန်စီးသွားသလို…
နားထဲကအသံတွေ
တိတ်ဆိတ်သွားသလို….
ပတ်ဝန်းကျင်က
လှုပ်ရှားမှုတွေရပ်တန့်သွားသလို….
နာရီလက်တံလည်နေတာတွေ
တုံဆိုင်းသွားသလို…
အရာအားလုံး
ကမောက်ကမ ဖြစ်သွားသလို
ခံစားလိုက်ရတယ်…။
အော်…သူမလှမ်းကြည့်လိုက်တာလေ။
ရင်ခုန်သံတွေကတော့
ဝုန်းဒိုင်းကြဲ ဆူညံနေတာပေါ့….။
(နှလုံးသားကိုမညှာမတာ)
စဉ်းစားကြည့်ရင်
ကလေးကလားဆန်ပေမဲ့…။
ငါဖြစ်ပျက်သွားတာက
ဒီထက်အဆမတန် ပိုတယ်ဆိုတော့
မင်း…..ဟားတိုင်ကာ ရယ်လိုက်တော့ချစ်သူ…..။
ငါဆိုတဲ့ကောင်က မင်းကိုအဲလောက်ရူးတာလေ…။
ရူးမှာပေါ့…. အသည်းပေါက်ထွက်မတတ်ချစ်တာကိုး.....။
ဒါပေမယ့် မင်းလို အညှာအတာ မဲ့တဲ့
မိန်းမကို မှ ချစ်မိတာတော့
ငါ့အတွက် ငရဲကျတာပဲ.........................။
ချစ်သူ နင်လဲ တနေ့ ကြုံမှာပါ.............။
လှုပ်ရှားမှုတွေရပ်တန့်သွားသလို….
နာရီလက်တံလည်နေတာတွေ
တုံဆိုင်းသွားသလို…
အရာအားလုံး
ကမောက်ကမ ဖြစ်သွားသလို
ခံစားလိုက်ရတယ်…။
အော်…သူမလှမ်းကြည့်လိုက်တာလေ။
ရင်ခုန်သံတွေကတော့
ဝုန်းဒိုင်းကြဲ ဆူညံနေတာပေါ့….။
(နှလုံးသားကိုမညှာမတာ)
စဉ်းစားကြည့်ရင်
ကလေးကလားဆန်ပေမဲ့…။
ငါဖြစ်ပျက်သွားတာက
ဒီထက်အဆမတန် ပိုတယ်ဆိုတော့
မင်း…..ဟားတိုင်ကာ ရယ်လိုက်တော့ချစ်သူ…..။
ငါဆိုတဲ့ကောင်က မင်းကိုအဲလောက်ရူးတာလေ…။
ရူးမှာပေါ့…. အသည်းပေါက်ထွက်မတတ်ချစ်တာကိုး.....။
ဒါပေမယ့် မင်းလို အညှာအတာ မဲ့တဲ့
မိန်းမကို မှ ချစ်မိတာတော့
ငါ့အတွက် ငရဲကျတာပဲ.........................။
ချစ်သူ နင်လဲ တနေ့ ကြုံမှာပါ.............။
နှလုံးသားကို မှန်ဘီလူးထောက်ခြင်း
အရမ်း လှတဲ့ ကောင်မလေးရယ်
ငါတို့ စတွေ့ တုန်းက
အရမ်း လည်းငါမကြည့်ဘဲနဲ့
အရမ်း မင်းရှက်သွားတာကိုတော့
အရမ်း ငါအံသြမိတယ်............။
အဲဒီ အချိန်ကမင်းပြုံးလိုက်တဲ့ ရှက်ပြုံးလေးက
ခဏ လေးပေမယ့်
ငါ့ နှလုံးက scan ဖတ်လိုက်ပြီး
ငါ မျက်လုံးထဲမှာ ခဏခဏ
Replay ပြန်ဖြစ်နေတာကိုတော့
ငါကိုယ်ငါ အံသြနေတယ်
ကောင်မလေးရေ..........။
အဲဒီ အချိန်က မင်းပြောလိုက်တဲ့
စကားသံ ကတိုးတိုးလေးပေမယ့်
ငါ့နားထဲ မှာတော့ အခုချိန်ထိ
ပဲ့တင်ထပ် နေတုန်းပဲ
ဆိုရင် မင်းအံသြသွားမလား
ကောင်မလေးရေ..........။
မင်းနာမည်ကို ကြားတိုင်း
ငါရဲ့ ဘယ်ဘက်ရင်အုံ ကို
စောင့်ထိုးနေတဲ့ ရင်ခုန်သံတွေကိုတော့
ငါကိုယ်တိုင်လည်း မသိတော့ဘူး
ကောင်မလေးရေ..........။
ငါကိုယ်ငါဘာသာပြန်ကြည့်တော့
အမြင်အာရုံမှာ စွဲကျန်ရစ်သည့် ပုံရိပ်
အကြားအာရုံမှာ ပဲ့တင်ထပ်နေသည့် အသံ
ဘယ်ဘက်ရင်ငုံကို ဆောင့်ထိုးနေသည့်ရင်ခုန်သံ
အားလုံးကို ဘာသာပြန်ကြည့်တော့
အဖြေက နှစ်လုံးထဲ ထွက်လာသည်။
အချစ်...........တဲ့။
သေချာပါပြီ
ကောင်မလေးရေ ငါမင်းကိုချစ်နေမိပြီ။
ငါ့ကို လက်ခံပေးပါ ကောင်မလေးရေ။
ငါတို့ စတွေ့ တုန်းက
အရမ်း လည်းငါမကြည့်ဘဲနဲ့
အရမ်း မင်းရှက်သွားတာကိုတော့
အရမ်း ငါအံသြမိတယ်............။
အဲဒီ အချိန်ကမင်းပြုံးလိုက်တဲ့ ရှက်ပြုံးလေးက
ခဏ လေးပေမယ့်
ငါ့ နှလုံးက scan ဖတ်လိုက်ပြီး
ငါ မျက်လုံးထဲမှာ ခဏခဏ
Replay ပြန်ဖြစ်နေတာကိုတော့
ငါကိုယ်ငါ အံသြနေတယ်
ကောင်မလေးရေ..........။
အဲဒီ အချိန်က မင်းပြောလိုက်တဲ့
စကားသံ ကတိုးတိုးလေးပေမယ့်
ငါ့နားထဲ မှာတော့ အခုချိန်ထိ
ပဲ့တင်ထပ် နေတုန်းပဲ
ဆိုရင် မင်းအံသြသွားမလား
ကောင်မလေးရေ..........။
မင်းနာမည်ကို ကြားတိုင်း
ငါရဲ့ ဘယ်ဘက်ရင်အုံ ကို
စောင့်ထိုးနေတဲ့ ရင်ခုန်သံတွေကိုတော့
ငါကိုယ်တိုင်လည်း မသိတော့ဘူး
ကောင်မလေးရေ..........။
ငါကိုယ်ငါဘာသာပြန်ကြည့်တော့
အမြင်အာရုံမှာ စွဲကျန်ရစ်သည့် ပုံရိပ်
အကြားအာရုံမှာ ပဲ့တင်ထပ်နေသည့် အသံ
ဘယ်ဘက်ရင်ငုံကို ဆောင့်ထိုးနေသည့်ရင်ခုန်သံ
အားလုံးကို ဘာသာပြန်ကြည့်တော့
အဖြေက နှစ်လုံးထဲ ထွက်လာသည်။
အချစ်...........တဲ့။
သေချာပါပြီ
ကောင်မလေးရေ ငါမင်းကိုချစ်နေမိပြီ။
ငါ့ကို လက်ခံပေးပါ ကောင်မလေးရေ။
ငါ့ ချစ်သူရဲ့ ငါ့ထက်အရင်
မြစ်တွေထဲ ကို ရေခဲတောင်က ရေတွေ ပျော်ဝင်နေတယ်.....
ငါ့နှလုံးသားထဲ ကို မင်းကိုချစ်တဲ့ စိတ်တွေ စိမ့်ဝင်နေ တယ်......
ကမ္ဘာကြီး ပူနွေး လာမှုကြောင့်
မြစ်တွေ မှာ ရေတွေ လျှံလာတယ်။
မင်းရဲ့ လှပမှုတွေ ကြောင့်ငါနှလုံးသား ထဲမှာ
အချစ်တွေ လှိုင်းထန် လာတယ်.......
ချစ်သူ............။
မြစ်ရေလျှံ တာကို ကာကွယ်ဖို့ သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းမှု တွေလုပ်ပေမယ့်
ငါ့နှလုံးသားထဲကိုတော့
မင်းရဲ့ အချစ်တွေ များပြား လာလို့ မကဖုံးလွှမ်းသွားပါစေ.......
ငါကျေနပ်တယ်...
ချစ်သူ.............။
ငါနှလုံးသားထဲ မှာအပူတွေဘယ်လောက်များပါစေ.......
မင်းသာတချက်ပြုံးလိုက်ရင်.......
.နှလုံးသားကိုရေခဲ ရေနဲ့ဖြန်းလိုက်သလို.....
.အေးမြသွားမှာပါ...
ချစ်သူ.............။
ချစ်သူ..........
ငါအချစ်ကဖယောင်းတိုင်မီးလို
ဖြစ်နေတယ်လိုသလောက်ညှိမလျှော့ဘူး တဲ့.......။
အင်း.....ဒါဆိုညိမ်းလိုက် ရင်ကော
ညှော်နံလေးတော့ ကျန်ခဲ့အုံးမှာပါ...........ကွာတဲ့။
အော်......ငါအဖြစ်ကလည်း
မညှိခင်ကတည်းကအညိမ်းခံလိုက်ရတာပါ.......ကွာ။
ငါ့ဘ၀ကညှော်နံ လေးပဲရခဲ့ တာပါ........ချစ်သူရယ်။
မင်း မှာငါ့ထက်အရင်ချစ်နေတယ်သူ.....ရှိုတယ်တဲ့လေ။
ငါ့နှလုံးသားထဲ ကို မင်းကိုချစ်တဲ့ စိတ်တွေ စိမ့်ဝင်နေ တယ်......
ကမ္ဘာကြီး ပူနွေး လာမှုကြောင့်
မြစ်တွေ မှာ ရေတွေ လျှံလာတယ်။
မင်းရဲ့ လှပမှုတွေ ကြောင့်ငါနှလုံးသား ထဲမှာ
အချစ်တွေ လှိုင်းထန် လာတယ်.......
ချစ်သူ............။
မြစ်ရေလျှံ တာကို ကာကွယ်ဖို့ သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းမှု တွေလုပ်ပေမယ့်
ငါ့နှလုံးသားထဲကိုတော့
မင်းရဲ့ အချစ်တွေ များပြား လာလို့ မကဖုံးလွှမ်းသွားပါစေ.......
ငါကျေနပ်တယ်...
ချစ်သူ.............။
ငါနှလုံးသားထဲ မှာအပူတွေဘယ်လောက်များပါစေ.......
မင်းသာတချက်ပြုံးလိုက်ရင်.......
.နှလုံးသားကိုရေခဲ ရေနဲ့ဖြန်းလိုက်သလို.....
.အေးမြသွားမှာပါ...
ချစ်သူ.............။
ချစ်သူ..........
ငါအချစ်ကဖယောင်းတိုင်မီးလို
ဖြစ်နေတယ်လိုသလောက်ညှိမလျှော့ဘူး တဲ့.......။
အင်း.....ဒါဆိုညိမ်းလိုက် ရင်ကော
ညှော်နံလေးတော့ ကျန်ခဲ့အုံးမှာပါ...........ကွာတဲ့။
အော်......ငါအဖြစ်ကလည်း
မညှိခင်ကတည်းကအညိမ်းခံလိုက်ရတာပါ.......ကွာ။
ငါ့ဘ၀ကညှော်နံ လေးပဲရခဲ့ တာပါ........ချစ်သူရယ်။
မင်း မှာငါ့ထက်အရင်ချစ်နေတယ်သူ.....ရှိုတယ်တဲ့လေ။
ပိုင်ရှင်မဲ့ ကဗျာ
528 ကို 972 ထပ်ပေါင်းပါရစေကွာ............
ခင်မင်တာတွေကို ကြင်နာတာတွေထပ်ပေါင်းချင်လို့ပါ........ရင်းနှီးမှုတွေကို ပေးဆပ်မှုတွေထပ်ပေါင်းချင်လို့ပါ...............။
ရိုးသားမှုတွေကို အေးမြမှုတွေ ထပ်ပေါင်းပေးချင်လို့ပါ..........။
ဖြူစင်တဲ့ သံယောဇဉ်တွေကို
ထာဝစဉ်တည်မြဲတဲ့အချစ်တွေအဖြစ် ပြောင်းလဲချင်လို့ပါ
ချစ်သူ....................။
ရင်ထဲက ခံစားချက်တွေကို
အနားမှာသာရှိရင် ရင်ဘတ်ကြီးဖွင့်ပြချင်ပေမယ့်
ခုတော့ ဝေးနေတော့ စာကြောင်းတွေနဲ့ပဲဖွင့်ပြနေရတာ ရင်မောတယ်ကွာ
ချစ်သူ...................။
စည်းတွေဘောင်တွေ သိက္ခာတွေ ဂုဏ်တွေပကာသနတွေ
ခဏဖယ်ထားပါကွာ.....ကိုယ့်ရင်ထဲကအချစ်တွေကိုသာ
မင်းမြင်အောင်ကြည့်လှည့်ပါ.........ချစ်သူ။
မျှော်လင့်ခြင်းတွေ ကိုတံတားထိုးပြီး
အချစ်တွေ အကြင်နာတွေ အိမ်မက်တွေ
တပွေ့တပိုက် နဲ့
ကိုယ်မင်းဆီ အရောက်လာခဲ့မယ်
ချစ်သူ..............။
နွေးထွေးတဲ့ အပြုံးတစုံနဲ့သာ
စောင့်ကြိုနေပါ ချစ်သူ......
နှလုံးသားချင်းနီးချင်ပြီ......ကွာ............ချစ်သူ
ချစ်သူ......နောက်ဘ၀သာရှိခဲ့မယ်ဆိုရင်
ချစ်သူရေ............။
ဒီဘ၀မှာ မဆုံဆည်းနိုင်ခဲ့လို့များ
နောင်ဘ၀ ရောက်ခဲ့လို့.....ငါသာတန်ခိုးရှင်တယောက်ဖြစ်ခဲ့ရင်။
ချစ်သူ.....................။
မင်း က ရေ ဖြစ်မယ်ခဲ့ဆိုရင်..........
ငါကိုယ် ငါ နေ အဖြစ်ဖန်ဆင်းပြီး
မင်း ရဲ့ အညစ်အကြေးတွေ
စွန်းနေ တဲ့ အရောင် တွေကိုစုပ်ပြီး
သန့်စင် တဲ့ရေကိုမှ မိုးအဖြစ်
ခြောက်သွေ့ တဲ့နေရာမှာ ရွာချပြီး
မင်းကြောင့် လူတွေ ပျော်အောင်လုပ်ပေးမယ်.........ချစ်သူ။
ချစ်သူ......................။
မင်းက ရေအိုင်ငယ် လေးတခုဖြစ်မယ်ဆိုရင်............
မင်းရဲ့ ဘေးပတ်လည်မှာ
ငါကိုယ်ငါ ကန္နာရ အဖြစ်ဖန်တီးပြီး............
ခရီးသွားတွေ မင်းကိုတန်ဖိုးထားအောင် ငါလုပ်ပေးမယ်.......ချစ်သူ။
ချစ်သူ.....................။
မင်းသာ social network တခုဖြစ်ခဲ့ရင်..........
ငါ ကျန်တဲ့ social network တွေကို Access Denied ဖြစ်အောင်လုပ်ပြီး
User တွေ မင်းကိုပဲ သုံး အောင်
ငါလုပ်ပေးပါမှာ ချစ်သူ.................။
ချစ်သူ.....................။
မင်းကကောင်မလေး တယောက်ဆိုရင်..........
ငါကိုယ်ငါ ကမ္ဘာကျော် တယောက်အဖြစ်ဖန်ဆင်းပြီး
မင်းကိုလက်ထပ်ပြီး
ကမ္ဘာကျော် တယာက်ရဲ့ ဇနီး အဖြစ်
မင်း ဂုဏ်ယူနိုင်အောင်
ငါလုပ်ပေးမှာပါ........ချစ်သူ။
ချစ်သူ......................။
ယုံပါကွာ ငါမင်းကို ချစ်တဲ့အချစ်က........
တခဏ တာလည်း မဟုတ်ပါဘူး
တဘာဝ တာလည်း မကပါဘူး......
နောက်များ နောက်များ ဘ၀တွေရှိခဲ့ ရင်လည်း.....
ငါမင်းကို ဘ၀ဆက်တိုင်းချစ်နေမှာ ပါချစ်သူ.............။
ငါမင်းကို ချစ်တာ ပေးဆပ်ချင်ယုံသက်သက်ပါပဲ
ချစ်သူ။........................။
နောင်ဘ၀ ရောက်ခဲ့လို့.....ငါသာတန်ခိုးရှင်တယောက်ဖြစ်ခဲ့ရင်။
ချစ်သူ.....................။
မင်း က ရေ ဖြစ်မယ်ခဲ့ဆိုရင်..........
ငါကိုယ် ငါ နေ အဖြစ်ဖန်ဆင်းပြီး
မင်း ရဲ့ အညစ်အကြေးတွေ
စွန်းနေ တဲ့ အရောင် တွေကိုစုပ်ပြီး
သန့်စင် တဲ့ရေကိုမှ မိုးအဖြစ်
ခြောက်သွေ့ တဲ့နေရာမှာ ရွာချပြီး
မင်းကြောင့် လူတွေ ပျော်အောင်လုပ်ပေးမယ်.........ချစ်သူ။
ချစ်သူ......................။
မင်းက ရေအိုင်ငယ် လေးတခုဖြစ်မယ်ဆိုရင်............
မင်းရဲ့ ဘေးပတ်လည်မှာ
ငါကိုယ်ငါ ကန္နာရ အဖြစ်ဖန်တီးပြီး............
ခရီးသွားတွေ မင်းကိုတန်ဖိုးထားအောင် ငါလုပ်ပေးမယ်.......ချစ်သူ။
ချစ်သူ.....................။
မင်းသာ social network တခုဖြစ်ခဲ့ရင်..........
ငါ ကျန်တဲ့ social network တွေကို Access Denied ဖြစ်အောင်လုပ်ပြီး
User တွေ မင်းကိုပဲ သုံး အောင်
ငါလုပ်ပေးပါမှာ ချစ်သူ.................။
ချစ်သူ.....................။
မင်းကကောင်မလေး တယောက်ဆိုရင်..........
ငါကိုယ်ငါ ကမ္ဘာကျော် တယောက်အဖြစ်ဖန်ဆင်းပြီး
မင်းကိုလက်ထပ်ပြီး
ကမ္ဘာကျော် တယာက်ရဲ့ ဇနီး အဖြစ်
မင်း ဂုဏ်ယူနိုင်အောင်
ငါလုပ်ပေးမှာပါ........ချစ်သူ။
ချစ်သူ......................။
ယုံပါကွာ ငါမင်းကို ချစ်တဲ့အချစ်က........
တခဏ တာလည်း မဟုတ်ပါဘူး
တဘာဝ တာလည်း မကပါဘူး......
နောက်များ နောက်များ ဘ၀တွေရှိခဲ့ ရင်လည်း.....
ငါမင်းကို ဘ၀ဆက်တိုင်းချစ်နေမှာ ပါချစ်သူ.............။
ငါမင်းကို ချစ်တာ ပေးဆပ်ချင်ယုံသက်သက်ပါပဲ
ချစ်သူ။........................။
ရင်ထဲက ချစ်သူ
ဖြူစင်တဲ့ အချစ်တွေနဲ့
သက်ဆုံးတိုင်း ချစ်နေမှာ..............။
ခိုင်မြဲ တဲ့ အချစ်တွေနဲ့
ဘ၀ဆက်တိုင်း ချစ်မှာပါ...............။
ရိုးသားတဲ့ အချစ်တွေနဲ့
စက္ကန့်တိုင်း ချစ်နေတာ.................။
သစ္စာရှိ အချစ်တွေနဲ့
နေ့ရှိသရွေ့ ချစ်နေတာကို.............
နီးလွန်းလို့ ဝါးနေတာာလား...............
ဂရုစိုက်လွန်းလို့ မသိတော့လား...........
သယ်ချင်းရေ.................။
အချစ်က................
ဘောင်ခတ်လို့မှမရတာ......
နှလုံးသားက................
ကန့်သတ်လို့မှမရတာ........
အိမ်မက်တွေက.......
မောင်းထုတ်လို့မှမရတာ............။
သူငယ်ချင်း ကိုချစ်လို့
အပြစ်ဆိုလည်း ပေးပါစေ..........
ချစ်တတ်တဲ့ နှလုံးသားကို.....ဦးနှောက်ကမှ တားလို့ မရတာ.........
လွမ်းတိုင်းကျတဲ့....မျက်ရည်ကိုမျက်တောင်ကမှတားလို့မရတာ......
သတိရလို့...အိပ်မပျော်တာကိုအိပ်ဆေးတွေကမှကုလို့မရတာ.........
သယ်ချင်းရေ.......................။
ငါ့နှလုံးသားကို မေးကြည့်ပါ.............
ငါ့စိတ်ကူးတွေကို မေးကြည့်ပါ..........
ငါ့အိမ်မက်တွေကို မေးကြည့်ပါ.........
သယ်ချင်းရေ
နင်ကြားနေကျဆိုလည်း
ကျေးဇူး ပြုပြီးသူတို့ပြောတာကို တော့
သေချာ နားထောင်ပေးပါကွာ
အရိုးသားဆုံး နှလုံးသားဝန်ခံချက်မို့ပါ...........
ချစ်တယ်...ချစ်တယ်...သယ်ချင်းရယ်.........................။
(အမှန်တော့ ဒီကဗျာလေးကကျွန်တော်ကိုယ်ပိုင် အဖြစ်အပျက်လေးဆိုလို့ ဘယ်ဆိုဒ်မှာမှမတင်ဘူးလို့ ဆုံးဖြတ်ထားတာ
ဒါလေးကကိုယ်ပိုင်ဆိုဒ်ကလဲဖြစ်နေတယ်ပြီးတော့ ကဗျာချစ်တဲ့သယ်ချင်းတွေကိုလဲခံစားစေချင်လို့တင်ပေးလိုက်တာပါ)
သက်ဆုံးတိုင်း ချစ်နေမှာ..............။
ခိုင်မြဲ တဲ့ အချစ်တွေနဲ့
ဘ၀ဆက်တိုင်း ချစ်မှာပါ...............။
ရိုးသားတဲ့ အချစ်တွေနဲ့
စက္ကန့်တိုင်း ချစ်နေတာ.................။
သစ္စာရှိ အချစ်တွေနဲ့
နေ့ရှိသရွေ့ ချစ်နေတာကို.............
နီးလွန်းလို့ ဝါးနေတာာလား...............
ဂရုစိုက်လွန်းလို့ မသိတော့လား...........
သယ်ချင်းရေ.................။
အချစ်က................
ဘောင်ခတ်လို့မှမရတာ......
နှလုံးသားက................
ကန့်သတ်လို့မှမရတာ........
အိမ်မက်တွေက.......
မောင်းထုတ်လို့မှမရတာ............။
သူငယ်ချင်း ကိုချစ်လို့
အပြစ်ဆိုလည်း ပေးပါစေ..........
ချစ်တတ်တဲ့ နှလုံးသားကို.....ဦးနှောက်ကမှ တားလို့ မရတာ.........
လွမ်းတိုင်းကျတဲ့....မျက်ရည်ကိုမျက်တောင်ကမှတားလို့မရတာ......
သတိရလို့...အိပ်မပျော်တာကိုအိပ်ဆေးတွေကမှကုလို့မရတာ.........
သယ်ချင်းရေ.......................။
ငါ့နှလုံးသားကို မေးကြည့်ပါ.............
ငါ့စိတ်ကူးတွေကို မေးကြည့်ပါ..........
ငါ့အိမ်မက်တွေကို မေးကြည့်ပါ.........
သယ်ချင်းရေ
နင်ကြားနေကျဆိုလည်း
ကျေးဇူး ပြုပြီးသူတို့ပြောတာကို တော့
သေချာ နားထောင်ပေးပါကွာ
အရိုးသားဆုံး နှလုံးသားဝန်ခံချက်မို့ပါ...........
ချစ်တယ်...ချစ်တယ်...သယ်ချင်းရယ်.........................။
(အမှန်တော့ ဒီကဗျာလေးကကျွန်တော်ကိုယ်ပိုင် အဖြစ်အပျက်လေးဆိုလို့ ဘယ်ဆိုဒ်မှာမှမတင်ဘူးလို့ ဆုံးဖြတ်ထားတာ
ဒါလေးကကိုယ်ပိုင်ဆိုဒ်ကလဲဖြစ်နေတယ်ပြီးတော့ ကဗျာချစ်တဲ့သယ်ချင်းတွေကိုလဲခံစားစေချင်လို့တင်ပေးလိုက်တာပါ)
Subscribe to:
Comments (Atom)

